အရေခြုံအချစ်
ဖိုးတုတ်ကမနီကို လုလင်ပြန်ချိန် အကြောင်းရှင်းပြနေ၏။ လူငယ်သလောက် ဗဟုသုတကြွယ်သော ဖိုးတုတ်ကို မနီအံ့သြနေသည်။ သူမပင် ဒီဝေါဟာရတွေ မသိတော့။ ငယ်ငယ်ကတော့ ကြားဖူးသလိုရှိ၏။ ဘာအဓိပ္ပာယ်မှန်းတော့ မသိ။ ဖိုးတုတ်က ဆက်ပြောသည်။ “ ရှေးမြန်မာမင်းတွေ လက်ထက်က တောကလူပျို ကာလသားတွေဟာ နေပြည်တော်ကြီးနဲ့ဝေးတော့ ရွှေဗဟိုရ် စည်သံတွေ မကြားရဘူးပေါ့ မမရာ၊ ဒီတော့ ရွာလည်ရင်အခုလို ရွှေဗဟိုရ်ကြက်တွန်သံနဲ့ လည်ကြရတာ တဲ့ ” “ ရွာလည်တယ်ဆိုတာက ဘာလဲဟင် ” မနီက တကယ်ပင်မသိ၍ စိတ်ဝင်တစား မေးလိုက်သည်။ “ ရွာလည်တယ်ဆိုတာ လူပျိုကာလသားတွေက အပျိုကညာမယ်တွေဆီ ပိုးဖို့ပန်းဖို့ လည်ပတ်သွားလာတာ ကိုပြောတာ။ အိမ်ထောင်ဖက်ရွေးဖို့ ရည်စားရှာတာလေ သူတို့ လူပျိုလှည့်တဲ့အချိန်က ကြက်ဦးတွန်ချိန်၊ ည(၇) နာရီ လောက်ပေ့ါ။ သူတို့လွတ်လွတ်လပ်လပ် စကားပြောရအောင် အဖိုးကြီး အဖွားကြီးတွေက အိပ်ယာဝင်ပေးကြတယ်။ အဲဒါကိုတော့ သက်ကြီးခေါင်းချချိန်လို့ ခေါ်တယ်။ ပိုးကြပန်းကြ စကားထာဝှက်ကြ ပန်းပေးကြ အထာပြကြနဲ့ ည(၁၀)နာရီလောက်ရှိတော့ ကာလသားတွေပြန်ကြတယ်။ အဲဒီအချိန်ကိုတော့ လုလင်ပြန်ချိန်လို့ခေါ်တယ် ” ဖိုးတုတ်အသေအချာရှင်းပြနေသည်ကို မနီက စိတ်ဝင်တစား နားထောင်နေ၏။ “အဟဲဟဲ… အခုတော့ ဘယ်...