အိပ်မက်လား တကယ်လား

ယနေ့ ထွန်းလူ အဖေနှင့် အမေတို့ အနောက်ရွာ ညအိပ်သွားကြသည်..။ အဖေ့ အစ်ကိုအရင်း၏ သား မင်္ဂလာဆောင် ဖြစ်သည်..။ နံနက် ၉ နာရီခန့်လောက်ကတည်းက လှည်းနှင့် ထွက်သွားကြခြင်းဖြစ်သည်။ထွန်းလူ တစ်ယောက်တည်း သည်အခွင့်အရေးမျိုး စောင့်နေသည်မှာ ကြာပြီ..။ ထွန်းလူ အသက်က ၁၈ နှစ်ထဲ ဝင်စမို့ လူပျိုသွေး လူပျို ဗီဇ လူပျို အတောင်အလက်တွေ စုံလင်လာပြီ ဖြစ်သည်..။သူအစ်မ ချိုလွင်က မနှစ်က အိမ်ထောင် ခွဲသွားပြီ ဖြစ်၍ မိဘများ ညအိပ်ညနေ ခရီးသွားသောအခါ သူတစ်ယောက်ထဲသာ အိမ်မှာ ကျန်နေခဲ့လေ့ ရှိသည်။ သူတို့အိမ် နောက်ဖေးက မနှင်းသွယ်ကြီးကို ထွန်းလူ စိတ်ဝင်စားနေသည်မှာ ကြာပြီ..။ မနှင်းသွယ်က အသက် ၃၀ ခန့်ရှိပြီး တောင့်တောင့် ဖြောင့်ဖြောင့် လုံးကြီးပေါက်လှ အိမ်ထောင်သည် ဖြစ်သည်..။ အိမ်ထောင်သည် ဆိုသော်လည်း သားသမီး တစ်ယောက်မျှ မထွန်းကား ..။ သူ့ယောက်ျား ကိုသိန်းစိုးက သူမထက် ၅ နှစ်ခန့် ကြီးပြီး အရောင်းအဝယ် ကိစ္စနှင့် မကြာ မကြာ ခရီးထွက်လေ့ ရှိသည်။ တစ်ခါ တစ်ခါ ထွက်လျင် ၁၅ ရက် တစ်လခန့် ကြာတတ်သည်..။အတိအကျတော့ မထွက်..။ သူ့ယောက်ျား ကိုသိန်းစိုးမှာ မုံရွာဘက်တွင် မယားငယ် ရှိသည်ဟု သတင်းသဲ့သဲ့ ကြားထားသည်..။ ထိုမယားငယ်နှင့် ကလေး ၂ ယောက်ပင် ရနေပြီဟုလည်း သတင်...