ညီမလေး ခမ်းစုမီ

ညီမလေး ခမ်းစုမီ ရေးသားသူ – ????? ညီမလေး (၁) ဝါကျင့်ကျင့် ညအိပ် မီးရောင်အောက်မှာ ဆံပင်ရှည်ရှည် ပျော့ပျော့လေးတွေ အုပ်မိုးနေတဲ့ သူ့မျက်နှာလေးက အရက်ရှိန် နဲ့ နီရဲနေတယ်။ မျက်လုံးညိုညိုလဲ့လဲ့ကြီးတွေက အရည်လဲ့ပြီး ရီဝေနေတယ်။ ရှေ့မှာချထားတဲ့ ငါးကင် ခပ်ကြီးကြီးတစ်ကောင်ရဲ့ တစ်ဝက်ကျော်ကျော်ဟာလည်း နှုတ်ခမ်းပါးပါးရဲရဲလေးတွေကြားမှာ အစအန ပျောက်သွားပြီ။ ကုတင်ခြေရင်း ကြမ်းပြင်ပေါ်မှာ ကျနော်နဲ့ မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေ ထိုင်နေရင်း ဘာစကားမှ မပြောဘဲ ခေါင်းငုံ့ထားပြီး အစားစားလိုက် ဘာမှ မရောဘဲ ရေခဲနဲ့ on the rock စပ်ထားတဲ့ ဘလက်လေဘယ်ကို ဒီတိုင်း သောက်လိုက် လုပ်နေတယ်။ ခါတိုင်းဆို ပေးသောက်ပေမယ့် အမြဲတမ်း လစ်မစ်ထားပြီး သူ့ဖို့ သတ်မှတ်ပေးထားတာကုန်ရင် ရပ်ခိုင်းတာပဲ။ အဲဒီမျက်လုံး ရွဲကြီးတွေနဲ့ မော့ကြည့်ပြီး ထပ်ထည့်ပေးစေချင်တဲ့ ပုံပြရင် မျက်မှောင်ကြုတ်ပြီး ခေါင်းရမ်းပြလိုက်တာနဲ့ ဇက်လေးပုသွားပြီး ထပ်မတောင်းရဲတော့ဘူး။ ဒီညတော့ ထပ်တောင်းဖို့ မပြောနဲ့ သူ့ဖန်ခွက်ထဲမှာ အရက်ကျန်သေးလား ကုန်သွားပြီလားဆိုတာတောင် သိပုံမပေါ်ပါဘူး။ ခွက်ကိုတောင် မကြည့်ဘဲ ကောက်ကောက် မော့နေတာ။ ကျနော်လည်း သူသောက်ပါစေလေ ဆိုပြီး အရက်လည်း မပ...